Banner
Skip Navigation LinksHome / EBS

EBS (Easy Business System) Software သည် iTSTAR Software Development Co.,Ltd. မှ တီထွင် ထုတ်လုပ်ထားသော နိုင်ငံတကာ အဆင့်မီ အရောင်းဆိုင်သုံး Software တစ်ခု ဖြစ်ပါသည်။ EBS Software ကို မြန်မာ/English နှစ်မျိုး အသုံးပြု၍ ရရန် ဖန်တီးထားပါသည်။ EBS Software သည် အသုံးပြုရလွယ်ကူပြီး ထူးခြားချက် Features များစွာ ပါဝင်သော software တစ်ခုဖြစ်ပါသည်။
EBS Software ကို အသုံးပြုနိုင်သည့် လုပ်ငန်းများ -

  • စူပါမားကတ် ၊ မီနီမားကတ်များ
  • စတိုးဆိုင် ၊ ဆေးဆိုင်များ
  • ကွန်ပျူတာ ပစ္စည်းအရောင်းဆိုင် ၊ ဖုန်းဆိုင်များ
  • လျှပ်စစ်ပစ္စည်းဆိုင်များ
  • စက်ပစ္စည်းဆိုင်
  • အဝတ်အထည်ဆိုင်များ
  • လူသုံးကုန်ပစ္စည်းဆိုင်များ
  • ကုန်မာဆိုင်များ နှင့်
  • အခြားအရောင်းဆိုင်များ အားလုံး

အသုံးပြုနိုင်ပါသည်။

Mobile Phone နှင့် Tablet များတွင် အစီရင်ခံစာ Report များကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်သော Onine Web Service စနစ် ပါဝင်ပါသည်။


EBS Software အား မည်သို့  အသုံးပြုရမည်ကို အကူအညီပေးနိုင်သော User Assistance စနစ်နှင့် User Guide စာအုပ်ပါဝင်သည်။
User Assistance ဆိုသည်မှာ EBS Software တွင်ရှိသော မိမိနားမလည်သည့် အကြောင်းအရာ ကဏ္ဍကို Click နှိပ်ရုံဖြင့် တစ်ဆင့်ချင်းစီကို စာဖြင့် ညွှန်ပြ/ ထောက်ပြ ရှင်းလင်းပေးမည့် အကူအညီ ဖြစ်ပါသည်။


EBS Software တွင် စာရင်းဖိုင် (Database) များကို တစ်ခုထက်မက တည်ဆောက် အသုံးပြု နိုင်ပါသည်။


EBS Software ၏ စာရင်းဖိုင် (Database) များကို Automatic Backup ပြုလုပ်ပေးမည့် Backup Schedular ပါဝင်ပါသည်။


EBS Software Version အသစ်ထွက်လျှင် Software အသုံးပြုသူ ကိုယ်တိုင် လွယ်ကူစွာ အခမဲ့ Update လုပ်နိုင်မည့် Free Online Updater ပါဝင်ပါသည်။


EBS Software တွင် လုပ်ငန်း၏ အခြေအနေကို သုံးသပ်နိုင်သော Graph များ ပါဝင်ပါသည်။


EBS Software တွင် Barcode များကို Postek Barcode Printer သို့  တိုက်ရိုက် Print ထုတ်နိုင်သော Barcode Printing စနစ်ပါဝင်ပါသည်။


EBS Software တွင် အသုံးပြုသူ User တစ်ယောက်ချင်းစီ၏ စာရင်းတစ်ခုချင်းစီ အတွက် အသုံးပြုပိုင်ခွင့် (ကြည့်ခွင့်၊ ပြင်ဆင်ခွင့်၊ ဖျက်ခွင့်၊ အသစ်ထည့်ခွင့်၊ Lock/ Unlock လုပ်ခွင့်) များ စိတ်ကြိုက် သတ်မှတ်နိုင် ပါသည်။


package
Ask Question

EBS Software ကို စိတ်ဝင်စား စုံစမ်းလိုပါက ဖုန်းနံပါတ်

ဝ၂ - ၈၂ဝ၂၂ | ဝ၂ - ၈ဝ၉ဝ၂ | ဝ၉ - ၉၁ဝ၂၁၃၃၆

တို့ ကို ဆက်သွယ်နိုင်ပါသည်။