ဘာ့ကြောင့် EBS Software ကို ရွေးချယ်သင့်သနည်း ? EBS Software သည် မြန်မာ/English နှစ်မျိုးအသုံးပြုနိုင်သည့် နိုင်ငံတကာအဆင့်မီ အရောင်းဆိုင်သုံး ကွန်ပျူတာစနစ်ဖြစ်ပါသည်။ EBS Software တွင် ပါဝင်သော အစီရင်ခံစာများနှင့် Graph တွေကိုကြည့်ပြီး လူကြီးမင်း၏ အရောင်းဆိုင်အခြေအနေကို သုံးသပ်နိုင်ပါသည်။ အစီရင်ခံစာ (Report) များကို လူကြီးမင်းကြည့်လိုသော နေ့စွဲ ရွေးချယ်ပြီး ချက်ချင်းကြည့်ရှုနိုင်ပါသည်။ အရောင်းဆိုင်၏ ငွေစာရင်း၊ ကုန်လက်ကျန်စာရင်း၊ ပြန်လည်ဖြည့်စီးရန်လိုအပ်နေသော ပစ္စည်းစာရင်းများ၊ အကြွေးစာရင်းများနှင့် အရှုံးအမြတ်စာရင်းများကို အဝေးတစ်နေရာမှ EBS Web Service ကို သုံးပြီး လွယ်ကူစွာ သိရှိနိုင်ပါသည်။ လူကြီးမင်းကိုယ်တိုင် EBS Software အား လွယ်ကူစွာ Installation ပြုလုပ်နိုင်ပြီး၊ မည်သို့ စာရင်းသွင်းရမည်ကို တစ်ခုချင်းစီ ထောက်ပြနိုင်သော User Assistance ပါဝင်ပါသည်။ အရောင်းဝန်ထမ်းအား လူကြီးမင်းအသုံးပြုစေလိုသော အပိုင်းကိုသာ ရွေးချယ် ခွင့်ပြုနိုင်ပါသည်။ EBS Software အား software မှနေ၍ လွယ်ကူစွာ Online Update ပြုလုပ်နိုင်ပါသည်။ လူကြီးမင်း၏ စာရင်းဖိုင်ကို လွယ်ကူစွာ Backup ပြုလုပ်နိုင်သည့် စနစ် နှင့် Automatic Backup Scheduler ပါဝင်ပါသည်။ လစဉ်ကြေး/နှစ်စဉ်ကြေးများ မရှိဘဲ အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။ Frequently Asked Questions Ask Question